10နှစ်​အရွယ်​တူမလေးကို ဝါးရင်​းတုတ်​နဲ့ရိုက်​သတ်​တဲ့ဦးလေးဆိုပါလား

0
192

ဖျာပုံမြို့နယ်တွင် ဦးလေးဖြစ်သူက တူမကို ဝါးတုတ်ဖြင့်ရိုက် သတ်ကာ နားဆွဲလုယူခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက ဇူလိုင် ၂၅ ရက်တွင် ဖော်ထုတ် ဖမ်းဆီး ခဲ့သည်။

ဇူလိုင် ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ဖျာပုံမြို့နယ် ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ကျုံစီကျေးရွာတွင် နေထိုင်သည့် အမျိုးသားသည် ဇနီးဖြစ်သူနှင့်အတူ လယ်ထဲမှ ပြန်လာစဉ် နံနက်ပိုင်းက ယောက္ခမနေအိမ်တွင် ထားရစ်ခဲ့သည့် အသက် ၁၀ နှစ်အရွယ် သမီးငယ်ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ကျုံစီကျေးရွာရှိ ရန်အေးစေတီအနီး ရေမြောင်းထဲတွင် သမီးဖြစ်သူကို နား ၂ ဖက်သွေး ထွက်ဒဏ်ရာ၊ ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး နားဆွဲတစ်ရံ ပျောက်ဆုံး နေကြောင်းသိရသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ အလောင်းကို ဖျာပုံဆေးရုံကြီးသို့ ပို့အပ်စစ်ဆေးခဲ့ရာ လည်ပင်းအစ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားခဲ့သည်။

ဖျာပုံမြို့မရဲစခန်းက(ပ) ၉၁၄/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၃၉၂ တို့ အရ အမှုဖွင့် စုံစမ်းခဲ့သည်။

စုံစမ်းချက်အရ အမှုဖြင့် မသင်္ကာသူ ဦးလေးတော်စပ်သူ ဖိုးကဲ (ခ) ဖြိုးမင်းထွန်း(၁၉ နှစ်)ကို ရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက် နံနက် ၅ နာရီခွဲ အချိန်တွင် ကျုံတာကျေးရွာအနီး ကားလမ်းမပေါ်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းမှာ ကျုံစီကျေးရွာရှိအဒေါ်ဖြစ်သူနေအိမ်တွင်လာရောက်နေထိုင်သူဖြစ်ပြီး၊သေဆုံးသူနှင့် ဦးလေးတော်စပ် သူဖြစ်ကြောင်း၊ ရည်းစားဖြစ်သူနှင့် စကားများရန်ဖြစ်စဉ် ဖုန်းပေါက်ခွဲမိလိုက်သဖြင့် အလျော်ပေးရန် ငွေအခက်အခဲဖြစ်နေသဖြင့် တူမဖြစ်သူကလေးငယ်ဝတ်ဆင်ထားသည့် နားစွဲကို လုယူရန် အတွက် ကြံစည်ခဲ့ကြောင်း၊ ကလေးငယ်မှာ ရန်အေးစေတီအနီးသို့ ထွက်ခွာသွားချိန်တွင် ၎င်းနောက်မှလိုက်ပါ သွားခဲ့ပြီး စေတီအနီးအရောက် ဝါးတုတ်ဖြင့်ရိုက်ကာ လည်ပင်းညှစ်၍ အနီးရှိ ရေမြောင်းအတွင်း ရေနစ်သတ်ခဲ့ကြောင်း၊ နားဆွဲကိုဖြတ်ယူကာ ရန်ကုန်သို့ ထွက်ပြေးရန်ကြိုးစားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ဖမ်းဆီးရမိသူ ဖိုးကဲ(ခ)ဖြိုးမင်းထွန်းကို အမှုဖြင့် ဆက်လက် အရေးယူဆောင်ရွက်ထား
ကြောင်းသိရသည်
crd
The Myanmar Times

Leave a reply