လူမှားပြီး​တော့သတ်​မိတဲ့ဖြစ်​ရပ်​

0
147

မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်မြို့၊ ရွာမရပ်ကွက်၊ ဘားလားချောင်းအနီး ကျူးကျော်တဲ၌ ဇူလိုင်လ ၅ ရက်နေ့ ည ၁၁ နာရီအချိန်က မောင်ဇော်(ခ)အောင်ဇော်မျိုးဝင်းနှင့် တစ်ရပ်ကွက်တည်းနေဦးဇော်နိုင်(၄၂)နှစ်တို့ အရက်အတူသောက်ရာမှ စကားများရန်ဖြစ်စဉ် မောင်ဇော်(ခ)အောင်ဇော်မျိုးဝင်းကဦးဇော်နိုင်အား မှိန်းဖြင့်ထိုးခဲ့၍ ဦးဇော်နိုင်တွင် နောက်ကျောပေါက်ပြဲဒဏ်ရာ ၂ ချက်ရရှိခဲ့ကြောင်း၊ မောင်ဇော်(ခ)အောင်ဇော်မျိုးဝင်း၏ အစ်ကိုဝမ်းကွဲဖြစ်သူ သနပ်ပင်မြို့နယ်၊ ကုက္ကိုတန်းကျေးရွာပါဦးတင့်ရွှေ(၅၂)နှစ်ပါ ၂ ဦးမှ ဦးဇော်နိုင်အား ဆေးရုံပို့ရန်ပြင်ဆင်နေစဉ် ဦးဇော်နိုင်၏ သား မင်းကိုကို(၁၇)နှစ်ပါ၃ ဦး ရောက်ရှိလာပြီး ဦးတင့်ရွှေမှ ပြုလုပ်သည်ထင်ကာ ဦးတင့်ရွှေအား ဓါးများဖြင့် ဝိုင်းဝန်းထိုးခုတ်ပြီး ဆိုင်ကယ်အားဖျက်ဆီးခဲ့၍ ဦးတင့်ရွှေတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် မင်းကိုကိုပါ(၃)ဦးအား ထောက်ကြံ့နယ်မြေရဲစခန်း(ပ)၁၀၁၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Crd::ရဲဇာနည်။
share SH MEDIA

Leave a reply