လားရှိုးမှာဆယ်​နှစ်​အရွယ်​​ကောင်​မ​လေးအဓမ္မအကျင်​့ခံရ

0
169

လားရှိုးမြို့တွင် ဇူလိုင်လ(၆)ရက်နေ့ ညက
အသက်(၁၀)နှစ်အရွယ်မိန်းကလေးတစ်ဦး
သားမယားအဖြစ် ပြုကျင့်ခံခဲ့ရပြီးပြစ်မှုကျူးလွန်သူအားရဲတပ်ဖွဲ့မှ
အချိန်မီဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ဇူလိုင်လ(၆)ရက်နေ့ ည(၇း၃၀)အချိန်က
လားရှိုးမြို့၊ ရပ်ကွက်(၉)တွင်နေထိုင်သူ
ဒေါ်စန်းစန်းအေးသည် ဘူတာဈေးတွင် ဈေးရောင်းပြီးရာမှ
နေအိမ်သို့ ပြန်လာရာ ၎င်း၏သမီးအငယ်ဖြစ်သူအား
နေအိမ်ခြံဝန်းတံခါးပေါက်တွင်တွေ့ရှိသဖြင့်
သမီးဘယ်သွားမလို့လဲဟုမေးမြန်းရာ သမီးဖြစ်သူက
၎င်းတို့နေအိမ်သို့ ယခင်ကလာရောက်ခဲ့ဖူးသူ
သန့်ဇင်ဆိုသူမှသမီးငယ်အားခေါ်ဆောင်သွားပြီး
သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းကို အမေဖြစ်သူ
ဒေါ်စန်းစန်းအေးအားပြောပြချက်အရသိရသည်။

ဇူလိုင်လ(၆)ရက် ည(၆း၃၀)အချိန်ခန့်က
ဒေါ်စန်းစန်းအေးနှင့်ရင်းနှီးသူ ငါးသည်တစ်ဦး၏
မောင်ဝမ်းကွဲတော်စပ်သူ သန့်ဇင်ဆိုသူမှ
နေအိမ်သို့ဆိုင်ကယ်ဖြင့်ရောက်လာပြီး သန့်ဇင်၏အမဖြစ်သူမှ
ငါးချိန်ရန်ခေါ်ခိုင်းလိုက်သဖြင့်ဆိုင်ကယ်အနောက်မှ
လိုက်ပါသွားခဲ့ကြောင်းသိရသည်။
သန့်ဇင်မှငါးချိန်ရန်နေရာသို့မသွားဘဲဆိုင်ကယ်အား
နမ္မတူလမ်းအတိုင်းမောင်းကာ မြို့ရှောင်လမ်းဘက်
တောစပ်တစ်နေရာသို့ မောင်းနှင်သွားခဲ့ပြီး ၎င်းအား
မအော်ရန်ပြောဆိုပြီး ပါးစပ်အားလက်ဝါးဖြင့်ပိတ်ထားကာ
သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ကြောင်းသိရသည်။
ထိုသို့ ပြုကျင့်ပြီး ဆိုင်ကယ်ဖြင့် နေအိမ်သို
့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ထွက်ခွာသွားကြောင်းသိရသည်။

သမီးဖြစ်သူအား လိမ်လည်ခေါ်ဆောင်သွားပြီး
သားမယားအဖြစ်ပြုကျင့်ခဲ့သူ သန့်ဇင်ဆိုသူအား
အရေးယူပေးပါရန် တိုင်တန်းချက်အရ ရဲတပ်ဖွဲ့မှ
ထွက်ပြေးတိမ်းရှောင်နေသူအား ပိတ်ဆို့ရှာဖွေရာ
ဇူလိုင်လ(၇)ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ
သန့်ဇင်၊ အသက်(၁၉)နှစ်အားဖမ်းဆီးရမိခဲ့ပြီးရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆/၃၆၃ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Ko Nay Myo
Photo-August Leo
share SH MEDIA

Leave a reply