​ပျော်​ဘွယ်​မှာတရုတ်​နိုင်​ငံသားသုံးဦ​သေတဲ့ဖြစ်​ရပ်​

0
157

​ပျော်​ဘွယ်​မှာတရုတ်​နိုင်​ငံသားသုံးဦ​သေတဲ့ဖြစ်​ရပ်​
မဟာဓာတ်အားလိုင်းတိုင်အမြင့်ပေတစ်ရာခန့်မှ ပြုတ်ကျသဖြင့်
တရုတ်နိုင်ငံသားသုံးဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရရှိမှု
ပျော်ဘွယ်မြို့တွင် ဇူလိုင် ၆ ရက်က
ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်သည်။

ပျော်ဘွယ်မြို့၊ နတ်စုန်းမှော်ကျေးရွာအနောက်တောင်ဘက်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊
မိုင်တိုင်အမှတ်(၂၆၉/၆-၇)ကြားလမ်း၏
အနောက်ဘက်တစ်မိုင်ခန့်အကွာတွင်
မိတ္ထီလာမှ တောင်ငူသို့ သွယ်တန်းလျက်ရှိသော
500 KVA မဟာဓာတ်အားလိုင်းတိုင်အမှတ်(၉၁)ပေါ်မှ
တရုတ်နိုင်ငံသားလေးဦးပြုတ်ကျခဲ့ခြင်းဖြစ်သည်။

ပြုတ်ကျခဲ့သည့် တရုတ်နိုင်ငံသားလေးဦးသည်
ဓာတ်အားလိုင်း ကြိုးသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေသော
CEEC ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ပြီး မိတ္ထီလာမြို့၊
ဝန်ဇင်းရပ်ကွက်နေ တရုတ်နိုင်ငံသား
ZI Fayou(၂၈)နှစ်၊
Li Wenquan(၂၉)နှစ်၊
He Kaili(၂၇)နှစ်၊
Yang Shihua(၂၉)နှစ်တို့ဖြစ်ကြသည်။

ဇူလိုင် ၆ ရက် ညနေ ၄ နာရီက ကြိုးတင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်နေစဉ် မူလီများပြုတ်ထွက်ရာမှ
ZI Fayou ၊ Li Wenquan နှင့်
He Kailiတို့သုံးဦးသည် အမြင့်ပေတစ်ရာခန့်မှ
မြေပြင်ပေါ်သို့ ပြုတ်ကျ၍ သေဆုံးခဲ့ပြီး
Yang Shihua မှာ တာဝါတိုင်ပေါ်တွင်
ခြေထောက်ညှပ်ဒဏ်ရာရရှိသဖြင့်
မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။

ZI Fayou ပါသုံးဦးသေဆုံးမှုနှင့်ပတ်သက်၍
ညောင်ကုန်းရဲကင်းစခန်းက သေမှုသေခင်းအမှတ်စဉ်
(၃/၂၀၁၉)ဖြင့် စစ်ဆေးလျက်ရှိသည်​
Crd myanmar time
share SH MEDIA

Leave a reply