အ​မေ​ပေးတဲ့လယ်​တစ်​ကွက်​နဲ့လုပ်​စားသူ​တွေအဖမ်​းခံရ

0
206

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှု/ကူ ဌာနစုမှ ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက် တည်းခိုခန်းတခုမှာ ပြည့်တန်ဆာ လုပ်ငန်းလုပ်နေကြောင်းသတင်းရရှိသဖြင့်ငွေစက္ကူတို့အားမှတ်တမ်းတင် ကြိုတင်ပြင်ဆင် အသွင်ယူပြီး သက်သေများနှင့်အတူ ဝင်ရောက် ဖမ်းဆီးကြရာ တည်ခိုခန်းမန်နေဂျာ အမျိုးသား(၁)ဦးနှင့် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်ရန်အတွက်နှင့် လုပ်ကိုင်နေသောအမျိုးသ္မီး (၆)ဦးတို့အား ဖမ်းဆီးရမိပြီး အမှုဖွင့် အရေးယူထားကြောင်းသိ့ရသည်။

အမှုမှာ ၅.၇.၂၀၁၉.ရက်နေ့ည (၁၀)နာရီကျော်အချိန်ခန့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှု/ကူဌာနစုမှ ရဲအုပ်အေးလွင်အောင် ဒုရဲအုပ်ဒုရဲအုပ်နေမင်းထွန်း ဒုရဲအုပ် ဖြိုးဝေကျော် ဒုရဲအုပ်နွယ်နွယ်ယဉ် ရဲမေ ရဲတပ်သားနော်စန္ဒီမွှေး ပုသိမ်နယ်မြေရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ်ကျော်စိုးအောင် ရဲဒုတပ်ကြပ် ဇေယျာမောင်တို့သည် သက်သေ ဦးတင်ထွန်း ဦးစန်းမြင့် တို့သည် သတင်းအရပုသိမ်မြို့ အမှတ်(၂)ရပ်ကွက် ပဒင်းတင်းတန်းလမ်းရှိ ချစ်သီရိတည်းခိုခန်းမှာ ပြည့်တန်ဆာ လုပ်ငန်းလုပ်နေကြောင်း သတင်းရရှိသဖြင့် ကြိုတင်ပြင်ဆင် အသွင်ယူ ပြီးဝင်ရောက်ဖမ်းဆီးခဲ့ကြရာ တည်းခိုခန်းမန်နေဂျာ ခေါင်းဆောင် ပြုနေသူ ဇောဇော်(ခ)ဇော်ကိုလတ် အသက်(၃၁)နှစ်(ဘ)ဦးကြီးမြင့် အားတွေ့ရှိရပြီး၎င်းထံမှကြိုတင်မှတ်တမ်းပြုထားသည့် (၅၀ဝဝိ/)တန်ငွေစက္ကူများ နှင့်အနက်ရောင်ပိုက်ဆံအိပ်(၁)လုံး ဝင်ချိန် ထွက်ချိန် အကြိမ်ရေ များရေသားထားသော လည်ဂျာစာအုပ်(၁)အုပ် ဘောပင်(၁)ချောင်း (၅၀ဝဝိ/) ငွေစက္ကူ အပါဝင် အများသုံးငွေ ရောနှောစုစုပေါင်း(၁၂၄၂၀ဝ)ကျပ်တို့အား ဒုဲအုပ်ဒုရဲအုပ်နေမင်းထွန်းမှ ဥပဒေနဲ့အညီ သိမ်းဆည်း ခဲ့ကြသည်။

အပေါ် ်ထပ်အခန်းအမှတ်(၁၇)မှာအသွင်ယူ အမျိုးသားနှင့် အိမွန်ထွေး(ခ)ဝိုင်းလေး အသက်(၃၃)နှစ် အမှတ်(၁)ရပ်ကွက် ပုသိမ်မြို့ နေသူနှင့် အခန်းတွင်းခုတင်ပေါ် ပြည့်တန်ဆာ ကိစ္စ ပျော်ပါးနေစဉ်တွေရပြီး အိမွန်ထွေး(ခ)ဝိုင်းလေး ရဲ့ယာလက်အတွင်းမှ ကြိုတင်ပြင်ဆင် မှတ်တမ်းတင်ထားသော (၅၀ဝဝိ/)တန် ငွေစက္ကူ (၁)ရွက် ပါတွေ့ရှရသဖြင့် ၎င်းငွေနှင့် အိပ်ယာ စသည့် သက်သေခံပစ္စည်း တို့အား ဥပဒေနှင့်အညီသိမ်းဆည်းခဲ့ကြပါသည်။
တည်းခိုခန်းအောက်ထပ်အခန်းများအတွင်းမှအခကြေးငွေရယူ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန်ရောက်ရှိနေကြသောမမြတ်လေး အသက်(၃၁)နှစ် သစ္စာလမ်း လှိုင်သာယာ ရန်ကုန် မအေးသူဇာ အသက်(၂၈)နှစ် အမှတ်(၇)ရပ်ကွက် ချောင်းသာ မဥမ္မာဌေး အသက်(၃၅)နှစ် သပြေကုန်းရွာ လက်ပံတန်းမြို့နယ် မဝါဝါ အသက်(၃၅)နှစ် (၁၄)ရပ်ကွက် ပုသိမ်မြို့ မသူသူ အသက်(၂၆)နှစ် လက်ပံချောင်းရွာ ကျောင်းကုန်းမြို့နေသူတို့ပါတွေ့ရှိရပြီး စုစုပေါင်း အမျိုးသ္မီး (၆)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းဖြစ်စဉ်အား ဒုရဲအုပ်နေမင်းထွန်း တိုင်းမှု/ကူ ဌာနစုမှ
တရားလိုပြုတိုင်ကြားသော ကြောင့် အမျိုးသ္မီး (၆)ဦးအား ပုသိမ်နယ်မြေရဲစခန်း (ပ)၃၂၀/၂၀၁၉.ပြည့်တန်ဆာနှပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃(ခ)ဖြင့်၎င်း တည်းခိုခန်းမန်နေဂျာခေါင်းဆောင် သူ ဇော်ဇော် (ခ)ဇော်ကိုလတ် အား ပုသိမ်နယ်မြေရဲစခန်း (ပ)၃၂၁/၂၀၁၉.ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၅(၁)/၈(ဂ) တို့ဖြင့် အမှုဖွင့်၍ အမှုအား ဒုရဲအုပ်ထူးအောင်ဇော် မှစစ်ဆေးဆောင်ရွက်နေကြောင်းသိ့ရသည်။
crd YaNaung
Credit >Shwebo Walar
share SH MEDIA

Leave a reply