ရဲချုပ်​ရုံး၏မိုးရာသီသစ်​ပင်​စိုက်​ပျိုးပွဲ​တော်​

0
154

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏၂၀၁၉ ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုယနေ့နံနက်၇ နာရီခွဲတွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရုံးအမှတ်(၈)၊ (၃၈)နှင့် (၄၅)တို့၌တစ်ပြိုင်တည်းကျင်းပစိုက်ပျိုးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးဦးဆောင်၍ဒုတိယရဲချုပ်များနှင့် ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌနှင့်ကော်မတီဝင်များ၊ တပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ပြီးရုံးအမှတ်(၈)၊ (၃၈)နှင့် (၄၅)တို့၏ပတ်ဝန်းကျင်သတ်မှတ်နေရာများတွင်ရတနာတန်းဝင်ကျွန်းပင်နှင့်အရိပ်ရလေကာပင်စုစုပေါင်းပျိုးပင်(၁၂၀ဝ)ကျော်တို့အားစိုက်ပျိုးခဲ့ကြောင်းရဲဇာနည်​pageတွင်​​ဖော်​ပြထားပါသည်​။
SH MEDIA

Leave a reply