#ကျောင်းဝင်းထဲကပစ္စည်းတွေကို #ခိုးယူထားတဲ့လင်မယားကိုဖမ်းလိုက်ပြီ

0
189
=======================
၂၀၂၁ ဇန်နဝါရီလ ၂၄ရက်
( ၂၀၀၀) အချိန်ခန့်က
(ပန်းတောင်း)မြို့နယ်
မကြီးထုံးကျေးရွာ (အ.လ.က)
ကျောင်းဝန်းအတွင်းမှ
81 တံဆိပ်ပါ (၁၇)လက်မ ဖလက်ပြား
အနက်ရောင်တီဗွီ(၁)လုံး။(တန်ဖိုး ၇၀၀၀ဝိ/-)
NHK တံဆိပ်ပါ EVD အနက်ရောင်
စက်(၁)လုံး၊ ရီမု(၁)ခု။(တန်ဖိုး ၂၅၀၀ဝိ/-)
MRTV စက်တပ်ဘောက်(၁)လုံး၊
(တန်ဖိုး ၁၅၀၀ဝိ/-)
ငါးကြင်းဖန်ခွက်(၄)လုံး၊ ရိုးရိုးဖန်ခွက်(၅)လုံး
။(တန်ဖိုး ၅၀၀ဝိ/-)–စသည့်
ပစ္စည်းများအား
ဥသျှစ်ပင်မြို့၊ပြည်တော်သာ ​ရပ်ကွက်တွင်
နေထိုင်သူများဖြစ်သော
အောင်ကိုထက်(ခ)ဖိုးသား နှင့် ၎င်း၏ဇနီး
မရီဆွေဦး တို့ကခိုးယူ၍ နေအိမ်တွင်
သိမ်းဆည်းထားကြောင်း
စစ်ဆေးပေါ်ပေါက်သဖြင့်
ဒုရဲအုပ် သော်ဇင်ထွဋ် နှင့်အဖွဲ့မှ
သက်သေများဖြစ်သော
ဥသျှစ်ပင်မြို့၊ ရတနာပုံ ရပ်ကွက်
ဆယ်အိမ်စုမှူး ဦးဇော်ဝင်းနိုင်
ရတနာပုံရပ်ကွက် ရပ်မိရပ်ဖ ဦးဝင်းနိုင်
တို့နှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ပြီး
ဖြစ်စဉ်နှင့်ပတ်သက်၍
အထက်ပါပစ္စည်းများအား
ခိုးယူထားသူများဖြစ်သည့်
အောင်ကိုထက်(ခ)ဖိုးသား နှင့်
၎င်း၏ဇနီး မရီဆွေဦး တို့အား
အရေးယူပေးပါရန် ဒုရဲအုပ် သော်ဇင်ထွဋ်
မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်
၂၀၂၁ ဇန် ၂၉ (၁၇၀၀) အချိန်
(ပန်းတောင်း) မြို့မရဲစခန်းမှ(ပ)၁၀/၂၀၂၁၊
ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်
အမှုရေးဖွင့်၍
အမှုအား ဒုရဲအုပ် နေမျိုးဇော်မှ
လက်ခံစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူ
အောင်ကိုထက်(ခ)ဖိုးသားနှင့်
၎င်း၏ဇနီး မရီဆွေဦးတို့အား
အမှုဖြင့်ဖမ်းဆီးစစ်ဆေးလျက်ရှိပါကြောင်း
သိရှိရ ပြီး
အထက်ပါထပ်မံအမှုဖွင့်ခံရသည့်
လင်မယားသည်
၂၇-၁-၂၀၂၁ ရက်နေ့ ၁၅၂၀ အချိန်ခန့်
ဥသျှစ်ပင်နယ်မြေရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်
အတူနယ်မြေလှည့်ကင်းဆောင်ရွက်စဉ်
ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၊
ဥသျှစ်ပင်လမ်းဆုံ၊
ပုသိမ်မုံရွာကားလမ်းဘေးရှိ
ထမင်းဆိုင်သို့ ဆိုင်ကယ်(၁)စီးအား
လင်မယား(၂)ဦးမှ လာရောက်
ရောင်း ချနေကြောင်းသတင်းအရ
သွားရောက်စစ်ဆေးရာ
YUNDE SMASH 110
အမျိုးအစား ပြာ/မီးခိုး ရောင်
ဆိုင်ကယ်(၁)စီးနှင့်အတူ
အောင်ကိုထက်(ခ)ဖိုးသားနှင့် မရီဆွေဦး
ဥသျှစ်ပင်မြို့၊ ပြည်တော်သာ ရပ်ကွက်
နေသူများအား အဆိုပါဆိုင်ကယ်နှင့်
ပတ်သက်၍ ၎င်းတို့ပိုင်ဆိုင်ကြောင်း
မပြသနိုင်၍ ဥသျှစ်ပင်ရဲစခန်းတွင်
ပ)၆/၂၀၂၁၊ ရာဇသတ်ကြီး
ပုဒ်မ ၃၈၀/၅၄ ဖြင့်
အမှုဖွင့်အရေးယူခံထားရသူများ
ဖြစ်ပါသည်။
ကိုမင်းအောင်(ပန်းတောင်း)SHသတင်းဌာန
ထွန်းမြင့်(ဥသျှစ်ပင်)SHသတင်းဌာန

Leave a reply