လင်မယားချင်းစကားများရာမှ
ဇနီးဖြစ်သူကဓားနဲ့ထိုးလို့
ခင်ပွန်းဖြစ်သူသေရပြီ
==============+
ရွှေပြည်သာမြို့နယ်
အောင်သိဒ္ဓိလမ်း၊နေထိုင်သူ
မစန်းစန်းယု(၄၆)သည်
(၂၉- ၁, ၂၀၂၁)ရက်နေ့
နံနက်(၁၀၀၀)နာရီအချိန်ခန့်တွင်
လှော်ကားလမ်းဈေး၊ သံလမ်းထိပ်တွင်
ဘုရားပန်းများရောင်းနေစဉ်
မောင်ဖြစ်သူပလာတာ(ခ)မောင်ဇော်(ခ)
ဇော်ဝင်းနိုင်သည်၎င်း၏ ဇနီးဖြစ်သူ
မ၀င်းဝင်းအေး(ခ)မအေးလေနှင့်
လင်မယားချင်း
စကားများရန်ဖြစ်ခဲ့ကြပြီးနောက်
မစန်းစန်းယုပန်းဆိုင်သို့ မရောက်ခင်
တစ်ဆိုင် ကျော်တွင်ရောင်းချနေသော
မလှလှဆိုင်ရှေ့အရောက်၌
မဝင်းဝင်းအေး(ခ)မမအေးလေးမှ
ဖရဲသီးလှီးသောဓားဖြစ်သော
အလျား(၆)လက်မခန့်ရှိထိပ်ဦးချွန်
စတီးဓါးဖြင့်ထိုးရာမောင်ဖြစ်သူ
ပလာတာ(ခ) မောင်ဇော် (ခ) ဇော်ဝင်းနိုင်၏
ဝဲဘက်ရင်အုံတွင်(၄)လက်မ
ခန့် ရှိထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိကာ
သွေးများပန်းထွက်လာခဲ့သည်ကို
တွေ့မြင်ရသဖြင့်အင်းစိန်ပြည်သူ့ ဆေး ကြီးသို့
အတွင်းလူနာ(စိုးရိမ်ရ)ဖြင့်
ဆေးကုသမှုခံယူခဲ့ရသဖြင့်
မောင်ဖြစ်သူပလာတာ (ခ)မောင်ဇော်( ခ)
ဇော်ဝင်နိုင်အား အပြင်းအထန်
ထိုးသွင်းဒဏ်ရာရရှိအောင်ပြုလုပ်သူ
မဝင်းဝင်းအေး(ခ)မအေးလေးအား
ဥပဒေ အ ရာ ရယူ ရန်မစန်းစန်းယုမှ
တရားလိုပြု၍
တိုင်တန်းသောအမှုဖြစ်ပါသည်။
လှော်ကားနယ်မြေရဲစခန်း မှ
(ပ) ၂၃/၂၀၂၁ ရာဇသတ်ကြီး၃၂၆ဖြင့်
အမှုဖွင့်အရေးယူခဲ့ပြီး
အမှုအားဒုရဲအုပ် သူရကျော်မှ
လက်ခံစစ်ဆေးခဲ့ပါသည်
ဒဏ်ရာရရှိသူအား
ဆေးရုံသို့ပို့ဆောင်စဥ်လမ်း၌
သေဆုံးသွားပါသဖြင့်မူလရေးဖွင့်ထားသော
ပုဒ်မ၃၂၆မှ၃၀၂သို့ပြောင်းလဲဖွင့်လှစ်
ခဲ့ပြီးနောက်
တရားလို နှင့်​သက်သေများစစ်ဆေးခြင်း
အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊
မြေပုံကြမ်း ရေးဆွဲခြင်း၊
မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်း၊
တရားခံ မဝင်းဝင်းအေးအား
အမှုဖြင့်ဖမ်းဆီး၍ စစ်ဆေးခြင်းစသည်တို့ ကို
ဆောင်ရွက်ထားရှိပြီး
အမြန် တရားစွဲတင်ပို့သွားမည်ဖြစ်ပါကြောင်း
သိရှိရပါသည်
ကိုရဲ(ရွှေပြည်သာ)SHသတင်းဌာန

Leave a reply