#အသက်၂၁နှစ်အရွယ်ကောင်လေးနဲ့ #အသက်၂၀အရွယ်ကောင်မလေးတို့ #လင်မယားကဓားထောက်ပြီးဆိုင်ကယ် #လုသတဲ့—-

0
204
==================================
ရန်ကုန်တောင်ပိုင်းခရိုင်
သန်လျင်မြို့နယ်မြို့မရဲစခန်းတွင်
ဆိုင်ကယ်ကယ်ရီမောင်းအား ဓါး ထောက်
လုယက်သူ အမျိုးသားတစ်ဦးနှင့်
အမျိုးသမီးတစ်ဦးတို့အား
သက်သေခံပစ္စည်းနှင့်အတူဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီလ(၂၆)ရက်
ညနေ(၆)နာရီအချိန်ခန့်တွင်ဦးအေးမင်းထွန်း၊အသက်(၃၄)နှစ်၊(ဘ)ဦးရွှေမြင့်၊
ကွမ်းခြံကုန်းကျေးရွာ
၊သန်လျင်မြို့နယ်နေသူသည်
ဘုရားကုန်းလမ်းဆုံ ဆိုင်ကယ် ကယ်ရီဂိတ်တွင်
ကယ်ရီဆွဲရန် ခရီးသည်စောင့်ဆိုင်းနေစဥ်
အသက်(၂၀)ဝန်းကျင်ခန့်ရှိ အမည်မသိ
အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့
ရောက်ရှိလာပြီး သန်လျင်မြို့နယ်
လက်ယက်စမ်းကျေးရွာ
နာ/ကူ အသင်းနားသို့သွားရောက်လိုကြောင်း
ပြောဆိုပြီးကယ်ရီဌါးသဖြင့်
ဦးအေးမင်းထွန်းမှ LUCKY-110-Haojue
အမျိုးအစားအနီရောင်ဆိုင်ကယ်ဖြင့်
လိုက်လံပို့ဆောင်ပေးရာသန်လျင်မြို့နယ်
လက်ယက်စမ်းကျေးရွာ ရှမ်းကျောင်းလမ်း
လူပြတ်သည့်နေရာအရောက်တွင်
ဆိုင်ကယ်နောက်မှလိုက်ပါစီးနှင်းသူ
အမည်မသိအမျိုးသားမှ
ဦးအေးမင်းထွန်း၏
လည်ပင်းအား ဓါး ဖြင့်ထောက်ကာ
ဆိုင်ကယ်ရပ်ရန်ပြောဆိုသဖြင့်
ဦးအေးမင်းထွန်းမှဆိုင်ကယ်ရပ်၍
ဆင်းရန်ပြုလုပ်နေစဥ်၎င်းမှ
ဦးအေးမင်းထွန်းအားစောင့်တွန်းပြီး
အမည်မသိအမျိုးသမီးနှင့်အတူ
ဆိုင်ကယ်အားမောင်းနှင်
ထွက်ပြေးသွားသဖြင့်ဦးအေးမင်းထွန်းမှ
ပတ်ဝန်းကျင်အားအော်ဟစ်
အကူအညီတောင်းခံခြင်း
သန်လျင်မြို့မရဲစခန်းသို့
အကူအညီတောင်းခံခြင်းတို့ကြောင့်
သန်လျင်မြို့မရဲစခန်းမှ
စခန်းမှူးဒုရဲမှူးစိုးဝင်း ဦးစီး၍
နယ်ထိန်းတပ်ဖွဲ့ဝင်များသည်
အခင်းဖြစ်နေရာသို့သွားရောက်ပြီး
လုယက်မှု့ကျူးလွန်သူတို့၏
လူပုံပန်းသဏ္ဍန်မေးမြန်းခြင်း၊
တရားခံထွက်ပြေးနိုင်သည့်နေရာများအား
ပိတ်ဆို့ရှာဖွေခြင်း၊ပြည်သူများ
ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့်
လုယက်မှု့ကျူးလွန်သွားသူ
တရားခံ(၂)ဦးအား သက်သေခံဆိုင်ကယ်နှင့်
အတူည(၇)နာရီခွဲ အချိန်ခန့်တွင်
ဖော်ထုတ်ဖမ်းဆီးရမိပြီး
ဖမ်းဆီးမိသူ(၂)ဦးအား
မေးမြန်းစစ်ဆေးရာ
ရဲရင့်(ခ)သန့်ဇင်နိုင်၊အသက်(၂၁)နှစ်၊
(ဘ)ဦးမြင့်နိုင်၊အမှတ်(မရှိ)၊စင်္ကာပူလမ်း၊
တာဝကွက်သစ်၊ဘုရားကုန်းကျေးရွာ၊
သန်လျင်မြို့နယ်နေသူနှင့်
၎င်း၏ဇနီးဖြစ်သူမယမင်းနိုင်(ခ)ယမင်း၊အသက်(၂၀)နှစ်၊(ဘ)ဦးမင်းဦးတို့
ဖြစ်ကြောင်းသိရပြီး
လုယက်မှု့ကျူးလွန်ရာတွင်
အသုံးပြုသော ဓါး နှင့်
ဆိုင်ကယ်အမှတ်(မပါ)Haojue
အမျိုးအစား Lucky-110အနီရောင်
ဆိုင်ကယ်တို့အားသက်သေများ၏
ရှေ့တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့သည်။
သို့ဖြစ်ပါ၍ ဆိုင်ကယ်အား
ဓါး ထောက်လုယက်သွားသူ
ရဲရင့်(ခ)သန့်ဇင်နိုင် နှင့် ၎င်း၏
ဇနီးဖြစ်သူ မယမင်းနိုင်(ခ)ယမင်း တို့(၂)ဦး
အား ဥပဒေအရအရေးယူပေးပါရန်
ဦးအေးမင်းထွန်းမှတရားလိုပြုလုပ်
တိုင်ကြားလာသဖြင့်သန်လျင်မြို့မရဲစခန်းမှ
၎င်းတို့(၂)ဦးအား(ပ)၇၈/၂၀၂၁ –
ပုဒ်မ-၃၈၂/၁၁၄ အရအမှုဖွင့်
အရေးယူထားကြောင်းသတင်းရရှိပါသည်။
ဇော်နိူင်(သန်လျင်) S. H သတင်းဌာန

Leave a reply