#အသက်၂၃နှစ်အရွယ်ကောင်မလေးက #အဆိပ်သောက်သေသွားတယ်တဲ့

0
168
ခြောက်နှစ်သမီးလေးကျန်ခဲ့တယ်-
သမီးအတွက်အမေဆိုတာ
ထာဝရရပ်တည်ပေးရမှာ
လောကကိုဘာ့ကြောင့်
အရှုံးပေးသွားတာလဲမသိ—? ?
================
အမှုဖြစ်စဉ်မှာ၂၈.၁.၂၀၂၁ရက်နေ့
ညနေ၄နာရီခွဲအချိန်ခန့်က
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်
၊ကျောက်တန်းမြို့နယ်၊
ကမာကလုပ်ရဲစခန်းအပိုင်၊
ကုလားတန်းကျေးရွာအုပ်ချုပ်ရေးမှူး
ဦးသူရဟန်မှအမျိုးသမီးတစ်ဦးအဆိပ်သောက်
သေဆုံးနေကြောင်းကမာကလုပ်နယ်မြေရဲစခန်းသို့
ဖုန်းဆက်အကြောင်းကြားမှုကြောင့်
ကမာကလုပ်နယ်မြေရဲစခန်းမှစခန်းမှူး
ရဲအုပ်မျိုးကိုကိုနယ်ထိန်းရဲတပ်သား
စိုးထက်အောင်တို့မှကျေးရွာအုပ်ချုပ်ရေးမှူး
ရာအိမ်မှူးများနှင့်အတူသွားရောက်
စစ်ဆေးခဲ့ကြသည်၊
ထိုသို့သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ
မဝေဝေနိုင်(၂၃)နှစ်၊ရွှေပြည်သစ်
ကျေးရွာနေထိုင်သူဖြစ်ပြီး၂၈.၁.၂၀၂၁ရက်နေ့
ညနေ(၄)နာရီခွဲအချိန်ခန့်က
၄င်း၏နေအိမ်အတွင်း အဆိပ်သောက်၍
သတိလစ်မေ့မျောနေသည်ကို
သမီးဖြစ်သူမချမ်းမြေ့သဇင်(၆)နှစ်မှတွေ့ခဲ့ပြီး
အမေဘာဖြစ်တာလဲမသိဘူးဟုပြောကာ
အော်ဟစ်ငိုနေခဲ့သဖြင့် နေအိမ်
အနီးနေထိုင်သူယောက်မတော်စပ်သူ
မနွေဦးမှသွားရောက်ကြည့်ရှူ့ခဲ့ရာ
သတိလစ်လဲနေသည်ကိုတွေ့ရသဖြင့်
ပတ်ဝန်းကျင်သို့ထပ်မံအကူအညီ
တောင်းခံခဲ့ပြီးအနီးပတ်ဝန်းကျင်
နေထိုင်သူများနှင့်အတူဆေးဝါးကုသ
စဆောင်ရွက်ခဲ့သော်လည်း
သေဆုံးခဲ့ကြောင်းသိရကာသေဆုံးသူတွင်
ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ
သေဆုံးခဲ့သည့်အတွက်ရဲဆေးစာဖြင့်
ဓမ္မာအတိုင်းသေဆုံးခြင်း
ဟုတ်မဟုတ်စစ်ဆေးပေးနိုင်ရန်
ကျောက်တန်းမြို့ပြည်သူ့ဆေးရုံသို့
ပို့ဆောင်၍ကမာကလုပ်နယ်မြေရဲစခန်းမှူး
ရဲအုပ်မျိုးကိုကိုမှသေမှုသေခင်းအမှတ်စဉ်
၁/၂၀၂၁အရအမှုဖွင့်၍
စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊။
မြင့်ဇော်(ကျောက်တန်း)S.Hသတင်းဌာန

Leave a reply