#ဖိနပ်ဖြင့်လိုက်ရိုက်သူကို #ဓားနဲ့ထိုးလိုက်တာ #ပွဲချင်းပီးသေရတဲ့လူသတ်မှု

0
188
===================
လက်ပံတန်းမြို့ မအူကုန်းရပ်ကွက်
၁လမ်းအဝိုင်းထိပ် ( )ကွမ်းယာဆိုင်ရှေ့တွင်
လူတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံးနေကြောင်း
ပြည်သူတစ်ဦးမှမြိုမ့စခန်းသို့ဖုန်းဆက်သဖြင့်
ဒုရဲမှူးနှင့်ရဲတပ်ဖွဲ့ဝင်းများသွားရောက်
စစ်ဆေးခဲ့ရာ သေဆုံးသူမှာ
နိုင်ဝင်းအောင် ခ ဖိုးသား ၂၃ နှစ်
ဘ ဦးခင်မောင်မြင့်၊ဘီးလင်းတန်းရပ်ကွက်
လက်ပံတန်းမြို့နေသူဖြစ်ကြောင်း
ထိုနောက် သေဆုံးသူနိုင်ဝင်းအောင်၏
မိဘများအကြောင်းကြား၍
သေဆုံးသူအား ရဲဆေးစာဖြင့်
လက်ပံတန်းမြို့ပြည်သူဆေးရုံသို့
ပိုဆောင်ခဲ့ကြောင်းသိရှိရပြီး
အမှု့ဖြစ်စဉ်မှာ
၂၆ ၁ ၂၀၂၁ ၂ ၃၀ အချိန်ခန့်က
လက်ပံတန်းမြို့နယ် ဘီးလင်းတန်ရပ်ကွက်
နယ်မြေ ၁ ဗောဓိလေလမ်းနေသူ
မြတ်မင်းသူ ၂၉နှစ်
သက်မိုး ၃၃နှစ် ၊နိုင်ဝင်းအောင်း ၂၃နှစ်၊
တို့သည် ၂ ၂၀အချိန်ခန့်က
မအူကုန်းရပ်ကွက်နယ် မြေ
ဘူတာရုံလမ်းဆင်း ရှိ
ချိုမွန် စားသောက်ဆိုင်တွင်
သောက်စားပြီးအပြန် အဝိုင်းထိပ်အရောက်
ချစ်စု ချစ်ဖြိုးကွမ်ယာဆိုင်တွင်
ကွမ်ယာဝယ်နေစဉ် သက်မိုးနှင့်
စကားများခဲ့ဘူးသော
ဘောကြီး( ခ) ထက်ပိုင်ဦး( ခ )ကိုထက် ၂၁နှစ်
ကန်တော်လမ်း နယ်မြေ ၁၀ မအူကုန်းရပ်ကွက်
လက်ပံတန်းမြို့နေသူနဲ့တွေပြီး
ထိုသို့တွေရှိစဉ်
နိုင်ဝင်းအောင် (ခ) ဖိုသား မှဘောကြီး (ခ )
ထက်ပိုင်ဦး( ခ)ကိုထက်အား
ဘာမှမပြောဘဲ ဖိနပ်ဖြင့်လိုက်ရိုက်ခဲ့ရာ
အနီပတ်ဝန်ကျင်းရှိ စိုးမိုးအောင်( ခ)
စိုးကြီးဝိုင်းဝန်တားခဲ့ကြောင်း
၎င်းနောက် ဖိနပ်ဖြင့်ရိုက်သူ
နိုင်ဝင်းအောင်အား ဘောကြီး( ခ)
ထက်ပိုင်ဦး (ခ)ကိုထက်မှဓါးဖြင့်ပြန်ထိုးခဲ့ရာ
နိုင်ဝင်းအောင်(ခ) ဖိုသား ၏
ရင်ညွန့်တည့်တည့်ကိုထိုးမိသွားခဲ့၍
နိုင်ဝင်းအောင် ( ခ) ဖိုသားမှာ
ရင်ညွန့်တွင်း ထိုးသွင်း ဒဏ်ရာဖြင့်
နေရာ မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း
သိရှိရသည်
သေဆုံးသူ နိုငိဝင်းအောင် ( ခ) ဖိုသား ၂၃ ၏
ဖခင်ဖြစ်သူဦးခင်မောင်မြင့်မှ
လက်ပံတနိးမြို့မရဲစခန်းသို့ လာရောက်ပြီး
တရားလို ပြုလုပ်တိုင်တန်းသဖြင့်
လက်ပံတန်းမြို့ မြို့မရဲစခန်းမှ
(ပ )၂၀/၂၀၂၁ရာဇသတ်ကြီးပုဒ်မ ၃၀၂
ဖြင့်လက်ခံစစ်ဆေးပြီး
ဒုရဲမှူးနှင့်ရဲတပ်ဖွဲ့ဝင်းများက
အခင်းဖြစ်နေရာသို့
မြေပုံကြမ်းရေဆွဲခြင်း မှတ်တမ်းဓာတ်ပုံ
ရိုက်ကူးခြင်း သက်သေခံဓါးမြောင်နှင့်
သက်သေပစ္စည်များသိမ်ဆည်းခြင်း
ဆောင်ရွက်ပြီး ကျူးလွန်သူ
ဘောကြီး (ခ )ထက်ပိုင်ဦး (ခ )ကိုထက်အား
အမှု့ဖြင့်ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း
သိရှိရသည်
စစ်ဆေးချက်အရ
အမှု့ဖြစ်ပွားရခြင်းမှာ
လွန်ခဲ့သော ၂ ရက်ခန့်
ညက ကျူးလွန်သူ ဘောကြီး ( ခ )
ထက်ပိုင်ဦး (ခ )ကိုထက်မှ
သေဆုံးသူ နိုင်ဝင်းအောင်( ခ )ဖိုသား ၏
သူငယ်ချင်းဖြစ်သူ သက်မိုးအား
ကျူးလွန်သူမှ ဓါးပြကြိမ်းခဲ့သဖြင့်
သူငယ်ချင်းဖြစ်သူ နိုင်ဝင်းအောင်မှ
မကျေမနပ်ဖြစ်ပြီး ဘောကြီး (ခ)ထက်ပိုင်ဦး
(ခ)ကိုထက်အား ဖိနပ်ဖြင့်လိုက်ရိုက်၍
ဓါးမြောင်ဖြင့်ပြန်ထိုးသတ်ခြင်းဖြစ်ပြီး
ရန်ငြိုကြောင့်ကျူးလွန်ရခြင်းဖြစ်ကြောင်း
သိရှိရသည်
ရဲထက်စိုး (SHသတင်းဌာန)
လက်ပံတန်းမြို့နယ်ရုံး

Leave a reply