#၁၈နှစ်အရွယ်ကောင်မလေးငိုယိုနေလို့ #မေးလိုက်တော့မှ—? ?

0
291
​====================
(၂၅ .၁. ၂၀၂၁)ရက်နေ့(၀၇၀၀)အချိန်
ကွင်းလှအုပ်စု ဖိုးလေးကုန်းကျေးရွာနေ
ဒေါ်—-(၅၀နှစ်) သည်
သမီးအကြီးဖြစ်သူ
မ—-(၂၂)နှစ် နှင့်အတူ
ကျေးရွာအတွင်းရှိ မူ/လွန်စာသင်ကျောင်း၌
ပန်းရံအလုပ်လုပ်ကိုင်ရန် နေအိမ်မှ
ထွက်လာခဲ့ပြီး နေအိမ်တွင် သမီးအငယ်ဖြစ်သူ
မ—— (၁၈)နှစ် အား
အိမ်စောင့်အဖြစ် နေအိမ်တွင်ထားခဲ့သည်ဟု
သိရသည်။ (၁၀၃၀)အချိန် တွင်
တစ်ရွာတည်းနေ မ—(၃၂)နှစ် မှ
ဒေါ်—ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး
ဒေါ်—၏နေအိမ်ပေါ်သို့ လူတစ်ဦး
တက်ရောက်ကြောင်းနှင့် သမီးဖြစ်သူ
မ——အား
မဖွယ်မရာပြုလုပ်၍ မ—- မှ
ငိုယိုပြီး နေအိမ်သို့ ရောက်ရှိနေကြောင်း
ပြောကြားသဖြင့်ဒေါ်—သည်
သမီးဖြစ်သူအား အကျိုးအကြောင်း
မေးမြန်းခဲ့သည်ဟု သိရသည်။
ထိုသို့မေးမြန်းရာ မ—– ၁၈နှစ်မှ
နေအိမ်တွင် တစ်ဦးတည်းရှိနေစဥ်
ဇော်မင်းထွေး (၂၈)နှစ်
ကွင်းလှအုပ်စု ပန်းတောင်းမြို့နယ်နေသူမှ
နေအိမ်ပေါ်သို့ရောက်ရှိလာ၍
မ—– မှ “ဘာလုပ်တာလဲ ” ဟု
မေးမြန်းရာ ဇော်မင်းထွေး မှ
မည်သည့်စကားမျှမပြောဘဲ
မ—- ၏လက်အား အတင်းဆွဲခဲ့၍
ကြောက်လန့်ကာ နေအိမ်ပေါ်မှ
ဆင်းပြေးပြီး တစ်ရွာတည်းနေ
မ ၏နေအိမ်သို့
ထွက်ပြေးခဲ့ကြောင်း ပြောပြသိရှိရ၍
ဒေါ်— မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး
ဦးအောင်နိုင် ထံ တိုင်ကြားခဲ့ပြီး
သက်ဆိုင်ရာနှင့် ညှိနှိုင်းဖြေရှင်းခဲ့သော်လည်း
ပြေလည်မှု့မရှိသဖြင့် ယနေ့မှ ရဲစခန်းသို့
လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်
ဟု သိရသည်။
ဖြစ်စဥ်နှင့်ပတ်သတ်၍
ဒေါ်—- မှ ၎င်း၏ နေအိမ်ခြံဝန်းအတွင်း
ဝင်ရောက်ပြီး နေအိမ်ပေါ်သို့ တက်ကာ
သမိီးဖြစ်သူ မ—- ၏လက်အားဆွဲခဲ့သူ
ဇော်မင်းထွေး အား အရေးယူပေးပါရန်
တရားလိုပြုလုပ်တိုင်တန်းသဖြင့်
(၂၆.၁.၂၀၂၁) ရက်နေ့ (၁၁၄၀)အချိန်
ထုံးဘိုနယ်မြေရဲစခန်း၏
(ပ) ၃/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ
၄၅၁/၃၅၄ ဖြင့်အမှု့ရေးဖွင့်ဆောင်ရွက်ပြီး
အမှု့အား ရဲအုပ် ဝဏ္ဏ မှ
လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
အုတ်ရှစ်ပင်အဖွဲ့(SHသတင်းဌာန)

Leave a reply