#၂၁နှစ်အရွယ်ကောင်မလေးက #စိတ်ကြွဆေးပြားရောင်းတဲ့အလုပ်လုပ်တော့ #အဖမ်းခံရပြီပေါ့

0
106
=============
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
ရဲအုပ် အောင်ဆန်းလင်း ဦးစီး၊
မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုရဲအုပ် ဇာနည်ထွန်းနှင့်အဖွဲ့
မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်မိုးအောင်နှင့်
ပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ
မူးယစ်ဆေးဝါးသတင်းအရ
ဇန်နဝါရီ ၂၆ရက် ည ၉နာရီခွဲအချိန်တွင်
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊
အင်းလေးမြိုင်ရပ်ကွက်၊
မူကြိုကျောင်း လမ်းနေ မခင်နဒီဇော်(၂၁)နှစ်
နေအိမ်သို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ
နေအိမ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား(၃၉၈၀)ပြားအား
တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
၎င်းတို့အား မူးယစ်ဆေးဝါး နှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ
ဆိုင်ရာဉပဒေအရ အသီးသီး
အရေးယူဆောင်ရွက်ထားရှိ
ကြောင်းသိရှိရသည်ဟု
Tanintharyipolice pageစာမျက်နှာတွင်
ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

Leave a reply