#ရွေတူးဖော်တယ်ဆိုတာ နဲနဲပဲတူးတူး များများပဲတူးတူး အသေးစားပဲတူးတူး အကြီးစားပဲတူးတူး #တရားမဝင်ရင်အကုန်ဖမ်းမှာပါ

=======================
ဖြစ်စဉ်မှာပျဉ်းမနားမြို့နယ်
၊ဆင်ဖြူတောင်ဘုရားအနောက်ဘက်ငှက်
ပျောတောအတွင်းဗြုန်းကျောက်ခွဲစက်များဖြင့်
တရားမဝင်ရွှေတူးဖော်နေကြောင်း သတင်းအရ
ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၃၄၀ အချိန်က
ရွာကောက်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က
သွားရောက် ရှာဖွေဖမ်းဆီးရာ
ဝဲကြီးကျေးရွာနေ သိန်းထိုက်(၄၀)နှစ်အား
ဗြုန်းကျောက်များကို အမှုန့်ကြိတ်စက်ဖြင့်
ကြိတ်ခွဲနေလျက်တွေ့ရပြီး
ရွှေဖမ်းရာတွင် အသုံးပြုသည့်
အင်ဝိုင်းချပ် ၆ ချပ်၊ရွှေပါသည်ဟု
ယူဆရသောဗြုန်းကျောက်အိတ်၅လုံးနှင့်
ဆက်စပ်ပစ္စည်းများတွေ့ရှိ
သိမ်းဆည်းရမိခဲ့သဖြင့် သိန်းထိုက်အား
စစ်ဆေးမေးမြန်းရာ


ဗြုန်းကျောက်ကြိတ်စက်ပိုင်ရှင်မှာ
ဇေယျာသီရိမြို့နယ်၊ကျည်တောင်ခေါ
မကျေးရွာနေသက်နိုင်ဦးဖြစ်ကြောင်း
သိရှိရသောကြောင့်သိန်းထိုက်နှင့်
သက်နိုင်ဦးတို့၂ဦးအား
ရွာကောက်နယ်မြေရဲစခန်း
(ပ)၁၇/၂၀၂၁၊ ၂၀၁၅ ခုနှစ်
မြန်မာ့သတ္ထုတွင်းဥပဒေပုဒ်မ
၃၀(က)ဖြင့်အမှုဖွင့်အရေးယူထားကြောင်း
သိရှိရသည်။
#ကျောင်းဝင်းထဲကပစ္စည်းတွေကို #ခိုးယူထားတဲ့လင်မယားကိုဖမ်းလိုက်ပြီ
January 30, 2021
Leave a reply Cancel reply
-
#အင်းစိန်မှာဖြစ်ပွားတဲ့ #လူသတ်မှုဖြစ်ရပ်ကဒီလိုပါ
January 25, 2021 -
တောင်ငူမြို့နယ်မှာကျင်းပတဲ့ပွဲ
July 6, 2019