#မပိုးပိုးနွယ်ဆိုတဲ့အမျိုးသမီးက #ခင်ပွန်းဖြစ်သူကိုနောက်မိန်းမယူလို့ #အမှုဖွင့်လိုက်ပါပြီ–

0
130
နောက်မိန်းမယူချင်တဲ့
ယွကျား(ရွကျား)တွေ
သတိထားကြပါ
================
အမှုဖြစ်စဉ်မှာ၂၆.၁.၂၀၂၁ရက်
မွန်းလွဲ၂နာရီ၃၅မိနစ်အချိန်
ပဲခူးတိုင်းဒေသကြီး၊ကျောက်တခါးမြို့နယ်
၊ကျောက်တခါးရဲစခန်း
တောင်ဘက်(၁)မိုင်(၄)ဖာလုံခန့်အကွာ
ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊
ချောက်တရာကျေးရွာနေမပိုးပိုးနွယ်(၂၈)နှစ်၊
ကျဘမ်းလုပ်သူသည်၄.၄.၂၀၁၇ရက်နေ့တွင်
နံဇကျေးရွာအုပ်စု၊ချောင်းဝကျေးရွာနေ
ကုလားကြီး(ခ)ဇေယျာမင်း(၂၆)နှစ်
၊လယ်လုပ်သူနှင့်ချောက်တရာကျေးရွာတွင်
တစ်ကြိမ်ချောင်းဝကျေးရွာတွင်
၁၀.၄.၂၀၁၇ရက်နေ့တွင်တစ်ကြိမ်၊
ဗမာဓလေ့ထုံးတမ်းအစဉ်အလာအရ
တရားဝင်ထိမ်းမြားလက်ထပ်ကာမပိုးပိုးနွယ်မှ၄င်း၏အတူနေဖခင်ဖြစ်သူဦးတင်စိုး(၅၆)နှစ်
၊ကျဘမ်းလုပ်၊ချောက်တစ်ရာကျေးရွာ၊
၊ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊
ကျောက်တံခါးမြို့နယ်နေသူ၏
နေအိမ်တွင် အတူပေါင်းသင်း နေထိုင်ခဲ့ပြီး
စီးပွားရေးအဆင်မပြေသဖြင့်
မပိုးပိုးနွယ်ကိုယ်ဝန်( ၆)လခန့်၊
၂၀၁၇အောက်နေ့ရက်မမှတ်မိတွင်
ကုလားကြီး(ခ)ဇေယျာမင်းမှာ
အလုပ်လုပ်ကိုင်ရန်အတွက်ထိုင်းနိုင်ငံသို့
သွားရောက်ခဲ့သည်ဟုသိရ၏။
ထိုသို့ ကုလားကြီး (ခ )ဇေယျာမင်းသည်
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေရာမှ
(၄)လခန့်အကြာတွင်မပိုးပိုးနွယ်မှာ
သမီးတစ်ဦးထွန်းကားခဲ့သဖြင့်သမီးဖြစ်သူနှင့်အတူ(၃)နှစ်ခန့်အကြာနေထိုင်နေရာမှ
ကုလားကြီး(ခ)ဇေယျာမင်းမှာခင်ကြီး
ကျေးရွာအုပ်စုနေမသင်းသင်းယု (၃၀) နှစ်
ဆိုသူနှင့် ပေါင်းသင်းကာတရားမဝင်အတူ၊
ချောင်းဝကျေးရွာတွင်
နေထိုင်နေသည်မှာ(၁)နှစ်ခန့်
ကြာမြင့်ပြီဖြစ်ကြောင်းချောက်တစ်ရာကျေးရွာ
အတွင်းသို့ငါးလာရောက်ရောင်းချသော
ဒေါ်အုန်းလှ(အသက်၊ဘအမည်စုံစမ်းဆဲ)၊
ချောင်းဝကျေးရွာ၊နံဇကျေးရွာအုပ်စုနေသူမှ
မပိုးပိုးနွယ်နှင့်တစ်ရွာတည်းနေ
ဒေါ်ခင်ဝင်း(၅၅)နှစ်၊ဈေးရောင်းသူအား
ပြောကြားသဖြင့် ဒေါ်ခင်ဝင်းမှ
မပိုးပိုးနွယ်ထံသို့ လာရောက်
သတင်းပေးပြောကြားသဖြင့်
မပိုးပိုးနွယ်မှ၎င်း၏မိခင်ဖြစ်သူ
ဒေါ်အုန်းမြင့်(၅၆)နှစ်ဈေးရောင်းသူနှင့်
အတူနှံဇကျေးရွာအုပ်စု
၊ချောင်းဝကျေးရွာသို့
သွားရောက်စုံစမ်းခဲ့ရာတွင်
ကုလားကြီး(ခ)ဇေယျာမင်းနှင့်
မသင်းသင်းယုတို့မှာနံဇကျေးရွာအုပ်စု၊
ချောင်းဝကျေးရွာရှိ ကုလားကြီး ဖခင်ဖြစ်သူ
ဦးမင်းမင်း (အသက်၊ဘအမည်စုံစမ်းဆဲ)၊
လယ်လုပ်သူ၏နေအိမ်တွင်တရားမဝင်
အတူပေါင်းသင်းနေထိုင်နေကြောင်းနှင့်
၎င်းတို့ ပေါင်းသင်းနေထိုင်နေသည်မှာ
(၁ )နှစ်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း
သိရှိခဲ့ရသောကြောင့်မပိုးပိုးနွယ်မှ
တရားဝင်လက်ထပ်ပေါင်းသင်းနေသော
ဇနီးရှိပါလျှက် မသင်းသင်းယု
(ပျိုအိုစုံစမ်းဆဲ) နှင့် တရားမဝင်
နေထိုင်ပေါင်းသင်းသူ
ကုလားကြီး( ခ)ဇေယျာမင်းအား
ဥပဒေအရအရေးယူပေးပါရန်
တရားလိုပြုတိုင်တန်းခဲ့ရာ
ကျောက်တံခါးမြို့မရဲစခန်းမှ
(ပ)၁၈/၂၀၂၁တစ်လင်တစ်မယားစနစ်
ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ၁၃အရ
အမှုရေးဖွင့်ကာ
အမှုအားခေတ္တစခန်းမှူးဒုရဲအုပ်ကျော်ခိုင်ဦးမှ
လက်ခံစစ်ဆေးကာတရားလိုနှင့်
သက်သေများစစ်ဆေးခြင်း၊သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း
၊ကုလားကြီး(ခ)ဇေယျာမင်းအား
အမှုဖြင့်ဖမ်းဆီးရန်ဆောင်ရွက်လျှက်
ရှိပါကြောင်းသိရှိရသည်၊
ကိုသက်(ကျောက်တခါး)S.Hသတင်းဌာန

Leave a reply