မရှိဆင်းရဲနွမ်းပါးသူဆိုက်ကားသမားနှစ်ဦးအား တစ်ဦးသေတစ်ဦးဒဏ်ရာရအောင်တိုက်ပြီး ထွက်ပြေးတဲ့ကားကို တာဝန်သိပြည်သူဦးထွန်းရီ(SH MEDIA)မှ ဖောိထုတ်သတင်းပေးဖမ်းဆီးနိုင်ခဲ့တဲ့ဖြစ်ရပ်

0
702


ပဲခူးတိုင်းဒေသကြီး ဘုရားကြီးတွင်(9-7-2020)
ရက်နေ့ည (၇း၃၀)နာရီ အချိန်ခန့်က ဆိုက်ကား
သမား(၂)ဦး အား ကားတိုက်၍ ကားသမားထွက်
ပြေးသွားကြောင်းသိခဲ့ရသည် ။

ယာဉ်အတိုက်ခံခဲ့ရသူ ၂ ဦးမှာ ဆင်းရဲနွမ်းပါးသူများ
ဖြစ်ပြီး ပဲခူးဆေးရုံသို့ပို့ဆောင် ကုသစဉ် ဇောက်ထိုး
ဆိုသူမှာ သေသွားကြောင်းသိရှိခဲ့ရပြီး တိုက်ခဲ့သော
ယာဉ်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရှိခဲ့ရ
သည် ။

ထိုသို့သိရှိပြီး၍ နစ်နာသူအတွက်
တာဝန်သိပြည်သူတစ်ယောက်အနေဖြင့်
အကူအညီပေးစေချင်သောစိတ်ဖြင့်
ဦးထွန်းရီ(ဝေါ)SH MEDIAသည်
ဘုရားကြီးသို့ ရောက်ရှိလာခဲ့ပြီး
စုံစမ်းခဲ့ရာမှ အခင်းဖြစ်ညက
မျက်မြင်သက်သေ အမည်မဖေါ်လိုသူသူတစ်ဦးနှင့်
တွေ့ဆုံခဲ့ပြီးမေးမြန်းခဲ့ရာမှ တိုက်ခဲ့သည့်ကားသည် ဘုရားကြီးမှဖြစ်ကြောင်း / ထိုကားကို
ဖွက် ထားသည့်နေရာမှာကားပိုင်ရှင်နှင့်
သိကျွမ်းသူ နေအိမ်မှာခေတ္တထားခဲ့ပြီး
ကားတွင်ထိခိုက်ခဲ့သော ကားမှန်နှင့် ကားဘီးတို့အား
ပြန်၍တပ်ဆင်ရန် စီစဉ်နေကြောင်းသိခဲ့ရသည် ။

အထက်ပါအတိုင်းသိခဲ့ရသဖြင့်
တာဝန်သိပြည်သူတစ်ဦးအနေဖြင့်
ရဲတပ်ဖွဲ့အားသတင်းပေးကူညီရန်အတွက်
ဦးထွန်းရီ(ဝေါ)SH MEDIAက
ဦးဝင်းဇော်ဦး (ပဲခူး)SH MEDIAနှင့်အတူ
ဘုရားကြီးရဲစခန်းသို့
သွားရောက်၍စခန်းမှုးနှင့်တွေ့ဆုံခဲ့ပြီး
ကားထားသည့်နေရာအားပြောကြားခဲ့၍
အမြန်ဆုံးဖမ်းစီးနိုင်ရန်သတင်းပို့ ကူညီခဲ့ပါသည် ။

ဘုရားကြီးရဲစခန်းမှ စခန်းမှူးနှင့်
ရဲတပ်ဖွဲ့ဝင်တို့မှလည်းအချိန်နှင့်
တပြေးညီ ကားထားသောနေရာသို့သွား
ရောက်ခဲ့ပြီး အခင်းဖြစ်ခဲ့သော
ကားအား သိမ်းဆည်း၍
ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့သည် ။

မိမိတို့အနေဖြင့် သက်သေခံပစ္စည်း
ဖျောက်ဖျက်ရန်ကြံစည်သူများနှင့်
ယာဉ်မောင်းတို့အား ဥပဒေနှင့်အညီ
ဆောင်ရွက်နိုင်ရန်
ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါသည် ။

ထွန်းရီ
SHသတင်းအဖွဲ့
ဝေါမြို့
ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်
အမှန်တရားသတင်းဂျာနယ်

Leave a reply