နားရွက်ပြတ်အောင်နားကပ်ဆွဲဖြုတ်လုတဲ့တရားခံမိပြီ

0
588

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ၀၆၀၀ အချိန် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ပျဉ်းမနားမြို့မဈေးအနောက်ဘက်တွင် နေအိမ်နှင့်တွဲလျက် ဖွင့်လှစ်ထားသော ပုလဲရတနာရွှေဆိုင်၌ ဆိုင်ခင်းကျင်းရန် တံခါးများအားဖွင့်နေစဉ် အမည်မသိအမျိုးသား ၁ ဦးရောက်ရှိလာပြီး ဆိုင်ရှင်၏ ပါးစပ်အား လက်ဖြင့်ပိတ်ကာနားတွင် ဝတ်ဆင်ထားသော နားကပ်(၁)ရန်(တန်ဖိုးငွေ ၂၅၀၀၀၀ ကျပ်)ကို ဆွဲဖြုတ်လုယူသွားသဖြင့် နားရွက်ပြတ်ရှ၊ အပေါ်ရှေ့သွား(၁)ချောင်းကျိုး စသည့်ဒဏ်ရာများရရှိခဲ့သဖြင့် ခုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်း(ပ)၃၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ပျဉ်းမနားမြို့မရဲစခန်းရှိတပ်ဖွဲ့ဝင်များမှ လိုက်လံစုံစမ်း ဖော်ထုတ်ခဲ့ရာ ၀၆၃၀ အချိန် ကြည်လွင်(ခ)ကြည်နိုင်(ခ)အငယ်လေး (၃၁)နှစ်အား ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်(၂)လမ်း၌ သက်သေခံ ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်ထဲရေး pageတွင်ဖော်ပြထားကြောင်း
သိရှိရပါသည်။

Leave a reply